မော်လမြိုင်မြို့အတွင်း ပြည်နယ်လျှပ်စစ်ဌာန၏ ခွင့်ပြုချက်မယူဘဲ တရားမဝင် ဓာတ်တိုင်စိုက်ထူခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းခြင်းများပြားနေ၍ မီးလိုင်းကျခြင်း၊ မီးအားမငြိမ်ခြင်းတို့ ကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာက ထိထိရောက်ရောက် ကွင်းဆင်းစစ်ဆေး အရေးယူပေးရန် ဒေသခံများက ဇွန်လ ၁၆ ရက် (ယနေ့) တွင် တောင်းဆိုလိုက်သည်။ ခြံကွက်အသစ်များရိုက်၍ ရောင်းချသည့် နေရာများအပါအဝင် ရပ်ကွက်အချို့၌ လျှပ်စစ်ခိုးသွယ်မှုများကို တိုင်ကြားသော်လည်း လာရောက်စစ်ဆေးအရေးယူခြင်း မရှိသေးကြောင်း မြို့ခံများက ပြောဆိုကြပြီး၊ အများပြည်သူ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လျှပ်စစ်မီးမှန်ကန်စွာရရှိရေးတို့အတွက် စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးစေလိုကြောင်း သတင်းရရှိသည်။
မော်လမြိုင်မြို့၌ တရားမဝင် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုများကြောင့် မီးအားမငြိမ်ဘဲ ဖြစ်နေ၍ ထိရောက်စွာ ကွင်းဆင်းစစ်ဆေးပေးရန် ဒေသခံများ တောင်းဆို
Jun 16 • 8:30 AM
Myanmar
Mon
Share
| 10 | 0 | 0 | 0 |


