back

အမေရိကန် မစ်ဆူရီပြည်နယ်၌ လေထီးခုန်သမားများ လိုက်ပါလာသည့် လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၁၂ ဦးလုံး သေဆုံး

Jun 16 • 8:29 AM

breaking-news

Myanmar

International

cover

အမေရိကန် မစ်ဆူရီပြည်နယ်၌ လေထီးခုန်သမားများ လိုက်ပါလာသည့် လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၁၂ ဦးလုံး သေဆုံး

အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ် ဘတ္တလာမြို့၌ ဇွန်လ ၁၄ ရက်က လေယာဉ်မှူးတစ်ဦးနှင့် လေထီးခုန်သမား ၁၁ ဦး လိုက်ပါလာသည့် PCA-750XL အမျိုးအစား လေယာဉ်တစ်စင်း ပျက်ကျခဲ...


အမေရိကန်ပြည်ထောင်စု မစ်ဆူရီပြည်နယ် ဘတ္တလာမြို့၌ ဇွန်လ ၁၄ ရက်က လေယာဉ်မှူးတစ်ဦးနှင့် လေထီးခုန်သမား ၁၁ ဦး လိုက်ပါလာသည့် PCA-750XL အမျိုးအစား လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါရှိသူ ၁၂ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။ "စကိုင်းဒိုက်ကင်းဆက်စီးတီး" ကုမ္ပဏီပိုင် အဆိုပါအပျော်တမ်းလေထီးခုန်လေယာဉ်သည် ဒေသန္တရလေဆိပ်တစ်ခုမှ ပျံတက်ပြီးမကြာမီ စက်ပိုင်းဆိုင်ရာပြဿနာကြောင့် အဝေးပြေးလမ်းပေါ်သို့ အရေးပေါ်ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း အမေရိကန်အာဏာပိုင်များက ခန့်မှန်းထားပြီး၊ ပျက်ကျခဲ့သည့် လေယာဉ်မှာ ၂၀၁၀ ပြည့်နှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ဖက်ဒရယ်လေကြောင်းပျံသန်းရေးအေဂျင်စီ (FAA) ၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

10