ရန်ကုန်မြို့တွင် ထူးကဲဒီရေတက်မည့် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့၌ မိုးထစ်ချုန်းရွာသွန်းနိုင်သဖြင့် ရန်ကုန်မြစ်အတွင်း သွားလာနေသည့် ရေယာဉ်များအနေဖြင့် အထူးသတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။ မိုးဇလ၏ ခန့်မှန်းချက်အရ ရန်ကုန်မြို့အပါအဝင် ရခိုင်၊ မွန်၊ ဧရာဝတီနှင့် စစ်ကိုင်းအထက်ပိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး၊ လက်ရှိတွင် ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်အချို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာဒေသများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့်လည်း ကြိုတင်သတိပြု နေထိုင်ကြရန် မိုးဇလက တိုက်တွန်းနှိုးဆော်ထားသည်။
ရန်ကုန်မြို့တွင် ထူးကဲဒီရေတက်ချိန် မိုးတိမ်တောင်များကြောင့် မိုးထစ်ချုန်းရွာနိုင်၍ ရန်ကုန်မြစ်အတွင်း ရေယာဉ်များ အထူးသတိပြု သွားလာရန် မိုးဇလသတိပေး
Jun 16 • 8:28 AM
Myanmar
Yangon
Share
| 12 | 0 | 0 | 0 |


