စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသည့် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်အဖြစ် ကျင်းပသည့် Placement Test ကို ယမန်နေ့က ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၄၇၄ ဦးရှိကြောင်း သိရသည်။ အဆိုပါ ဖြေဆိုမှုတွင် မူလတန်းအဆင့် (Grade 2 မှ Grade 5) ကျောင်းသား၊ ကျောင်းသူ ၃၈၇ ဦးနှင့် အလယ်တန်းအဆင့် (Grade 6 မှ Grade 9) ကျောင်းသား၊ ကျောင်းသူ ၈၇ ဦး ပါဝင်ပြီး၊ ယခုအစီအစဉ်မှာ ကလေးငယ်များ ပညာသင်ယူခွင့် ပြန်လည်ရရှိစေရန်အတွက် အခြေခံပညာဦးစီးဌာနက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ လျှောက်လွှာခေါ်ယူကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။



