ပဲခူးတိုင်း၊ ကညွှတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်ရှိ သင်္ချိုင်းကုန်းအနီး မြေတူးဖော်ထားသည့် ရေအိုင်တစ်ခုအတွင်း ဇွန်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက လူကြီးများမရှိခိုက် ကစားရာမှတစ်ဆင့် အသက် ၁၂ နှစ်အရွယ် အမွှာမောင်နှမနှစ်ဦးနှင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး (စုစုပေါင်း မောင်နှမ ၃ ဦး) ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူ ကလေးငယ်များ၏ ရုပ်အလောင်းများကို ကညွှတ်ကွင်းမြို့ နာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်စစ်ဆေးပေးခဲ့ပြီးနောက် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရပြီး၊ လတ်တလောတွင် ကလေးငယ်များ ရေနစ်သေဆုံးမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိသဖြင့် မိဘများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို အနီးကပ်ဂရုစိုက် စောင့်ရှောက်ကြရန် လူမှုကူညီရေးအဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။
ပဲခူးတိုင်း၊ကညွှတ်ကွင်းမြို့တွင် အမွှာနှစ်ဦးအပါအဝင် တစ်အိမ်တည်းက မောင်နှမ ၃ ဦး မြေတူးဖော်ထားသည့် ရေအိုင်အတွင်း ရေနစ်သေဆုံး
Jun 16 • 8:26 AM
Myanmar
Bago
Share
| 20 | 0 | 0 | 0 |


