ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ဇွန်လ ၁၆ ရက် (ယနေ့) နံနက် ၁၁ နာရီ ၁၆ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ခနောင်တိုအရှေ့ရပ်ကွက်၊ မြင့်မိုရ်လမ်းနှင့် ပြန်ဆက်ထောင့်တွင် သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုများမဖြစ်စေရန်နှင့် ပြည်သူများအန္တရာယ်ကင်းရှင်းစေရန်အတွက် သတင်းရရှိရခြင်း ဆိပ်ကြီးခနောင်တိုမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကာ လမ်းဘေးသို့ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ချက်ချင်းဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Jun 16 • 8:25 AM
Myanmar
Yangon
Share
| 16 | 0 | 0 | 0 |


