မသန်စွမ်းသူများ၏ ပညာသင်ကြားခွင့် တန်းတူရရှိရေးနှင့် ဘဝဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) က မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ “5B PWDs Scholarship Program” ပညာသင်ဆုအစီအစဉ်ကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ပညာသင်ဆုအစီအစဉ်ကို ပညာသင်ကြားရန် ငွေကြေးအထောက်အပံ့ လိုအပ်နေသည့် Grade 8 မှ Grade 12 အထိ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်တက်ရောက်နေသော မြန်မာနိုင်ငံသား မသန်စွမ်းသူများ လျှောက်ထားနိုင်ပြီး၊ Grade 8 မှ Grade 12 ကျောင်းသား၊ ကျောင်းသူများအား တစ်လလျှင် ကျပ် ၁၈၀,၀၀၀ နှုန်းဖြင့် စုစုပေါင်း ကိုးလစာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက် “5B PWDs” ပညာသင်ဆုအစီအစဉ်ကို ရွှေမင်းသားဖောင်ဒေးရှင်း ဖွင့်လှစ်
Jun 16 • 8:24 AM
Myanmar
Local
Share
| 16 | 0 | 0 | 0 |


