အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ယနေ့ယှဉ်ပြိုင်ကစားမည့် အယ်လ်ဂျီးရီးယားအသင်းနှင့် ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်အတွက် အသင်းခေါင်းဆောင် မက်ဆီ၊ တိုက်စစ်မှူး အယ်လ်ဗာရက်ဇ်နှင့် ဂိုးသမား မာတီနက်ဇ်တို့ ဒဏ်ရာပြဿနာများကို ကျော်ဖြတ်ကာ ကြံ့ခိုင်မှုအပြည့်ဖြင့် ပါဝင်ကစားနိုင်ပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။ မက်ဆီ (တံကောက်ကြော)၊ အယ်လ်ဗာရက်ဇ် (ခြေချင်းဝတ်) နှင့် မာတီနက်ဇ် (လက်ချောင်းကျိုး) တို့သည် ဒဏ်ရာများကြောင့် ရုန်းကန်ခဲ့ရသော်လည်း တနင်္လာနေ့လေ့ကျင့်ရေးအပြီးတွင် ယနေ့ပွဲထွက်စာရင်း၌ ပါဝင်လာရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ လက်ရှိတွင် နောက်ခံလူ တာလီယာဖီကိုတစ်ဦးသာ ဒဏ်ရာပြဿနာကျန်ရှိတော့ကြောင်းနှင့် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းအနေဖြင့် ယခုပွဲစဉ်အတွက် အကောင်းဆုံးပြင်ဆင်ထားကြောင်း သိရသည်။
မက်ဆီ၊ အယ်လ်ဗာရက်ဇ်နှင့် မာတီနက်ဇ်တို့ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီး အယ်လ်ဂျီးရီးယားနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေဟု နည်းပြ စကာလိုနီ အတည်ပြု
Jun 16 • 8:23 AM
Myanmar
International
Share
| 15 | 0 | 0 | 0 |


