back

တရားမဝင် ယစ်မျိုးလိုင်စင်မဲ့ ရောင်းချမှုများကို တိုင်ကြားလာပါက ကွင်းဆင်းစစ်ဆေးအရေးယူမည်

Jun 16 • 8:22 AM

breaking-news

Myanmar

Local

cover

တရားမဝင် ယစ်မျိုးလိုင်စင်မဲ့ ရောင်းချမှုများကို တိုင်ကြားလာပါက ကွင်းဆင်းစစ်ဆေးအရေးယူမည်

တရားမဝင် ယစ်မျိုးလိုင်စင်မဲ့ ရောင်းချမှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိလာပါက သတင်းအချက်အလက်များအပေါ် မူတည်ကာ မှန်ကန်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပြီး ထိရ...

တရားမဝင် ယစ်မျိုးလိုင်စင်မဲ့ ရောင်းချမှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိလာပါက သတင်းအချက်အလက်များအပေါ် မူတည်ကာ မှန်ကန်မှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးပြီး ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောကြားခဲ့သည်။ ဇွန်လ ၁၅ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့တွင် ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်၏ တရားမဝင် ယစ်မျိုးလိုင်စင်များကို ထိရောက်စွာ ဖမ်းဆီးအရေးယူရန် အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်းအပေါ် ဒုတိယဝန်ကြီးက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

19