စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) တို့ ပူးပေါင်း၍ ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှု Export Value Chain နှင့် ဆန်စပါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် “ပြည်ပပို့ကုန် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone-REZ)” စီမံကိန်းတွင် ပူးပေါင်းပါဝင်ကြရန် MRF က ဇွန်လ ၁၅ ရက်တွင် ဖိတ်ခေါ်ထုတ်ပြန်လိုက်သည်။ အဆိုပါစီမံကိန်းအတွက် နိုင်ငံတော်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထောက်ပံ့ကူညီပေးသွားမည်ဖြစ်ပြီး၊ ပူးပေါင်းပါဝင်မည့် ပို့ကုန်လုပ်ငန်းရှင်များကလည်း တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို အပြန်အလှန် အကျိုးပြုစာချုပ်စာတမ်းစနစ် (Contract Farming) ဖြင့် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Jun 16 • 8:17 AM
Myanmar
Local
Share
| 14 | 0 | 0 | 0 |


