မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီအရောင်းဆိုင် (၄) ဆိုင်အား ဇွန်လ ၁၅ ရက်က မန္တလေးတိုင်း ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၏ ကြီးကြပ်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ယင်းသို့စစ်ဆေးရာတွင် ဆိုင်များမှ ဖြန့်ဖြူးရောင်းချနေသည့် စက်သုံးဆီများ၏ အရည်အသွေး၊ အခြင်အတွယ်နှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိတို့ကို ဌာနပိုင် Mobile Fuel Lab (မိုဘိုင်းဓာတ်ခွဲခန်း) ယာဉ်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိဘဲ ဖောက်ဖျက်ကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိရပါက ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ပေါ်ရှိ လိုင်စင်ရစက်သုံးဆီဆိုင် ၄ ဆိုင်ကို မိုဘိုင်းဓာတ်ခွဲခန်းယာဉ်ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး
Jun 16 • 8:16 AM
Myanmar
Mandalay
Share
| 16 | 0 | 0 | 0 |


