ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်အခမ်းအနားကို ဇွန်လ ၁၅ ရက်က ကျင်းပခဲ့ရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဖြစ်တော်မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ်ဆရာတော်တို့ ကြွရောက်ချီးမြှင့်တော်မူခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက ဆရာတော်ကြီးများ ထံမှ လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကို နာယူကြည်ညိုခဲ့ကြကြောင်း သိရသည်။
Jun 16 • 8:14 AM
Myanmar
Yangon
Share
| 22 | 0 | 0 | 0 |


