back

ရှမ်းပြည်နယ်၊ အောင်ပန်းတွင် ငရုတ်ပွဈေး အဆမတန်ကျဆင်းမှုကြောင့် စိုက်ပျိုးသည့်တောင်သူများ အရှုံးပေါ်နေ

Jun 16 • 3:55 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ အောင်ပန်းတွင် ငရုတ်ပွဈေး အဆမတန်ကျဆင်းမှုကြောင့် စိုက်ပျိုးသည့်တောင်သူများ အရှုံးပေါ်နေ

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ငရုတ်ပွဈေးနှုန်းများ အဆမတန် ကျဆင်းလာသောကြောင့် စိုက်ပျိုးသည့် တောင်သူများ အရင်းပြုတ်ကာ အရှုံးပေါ်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အ...

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ငရုတ်ပွဈေးနှုန်းများ အဆမတန် ကျဆင်းလာသောကြောင့် စိုက်ပျိုးသည့် တောင်သူများ အရင်းပြုတ်ကာ အရှုံးပေါ်သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ အောင်ပန်းကုန်စည်ဒိုင်တွင် ငရုတ်ပွ တစ်ပိဿာလျှင် အမြင့်ဆုံး ၁,၀၀၀ ကျပ်မှ အနိမ့်ဆုံး ၇၀၀ ကျပ်အထိသာ ဝယ်ယူတော့သဖြင့် ပင်လောင်းနှင့် ပင်းတယမြို့နယ်တို့မှ တောင်သူများမှာ လုပ်အားခပင် ပြန်မရတော့ဘဲ တွက်ခြေမကိုက် ဖြစ်နေကြသည်။ ယခုနှစ်တွင် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးစရိတ်များမှာ ယခင်နှစ်များထက် နှစ်ဆခန့် ပိုမိုပေးဝယ်ခဲ့ရသော်လည်း အခြေအနေနှင့် ဝယ်ဈေးမှာ ကွာဟချက် ကြီးမားနေသည်။ ငရုတ်သီးသည် ခူးဆွတ်ပြီးနောက် သုံးရက်ခန့်သာ အထားခံသည့်အပြင် လက်ရှိရရှိသည့် ဈေးနှုန်းဖြင့်ဆိုပါက ခူးဆွတ်ခပင် မကာမိတော့သဖြင့် တောင်သူအချို့မှာ ငရုတ်ပွစိုက်ခင်းများကို ခူးဆွတ်ခြင်းမပြုတော့ဘဲ ဒီအတိုင်း စွန့်ပစ်ထားရကြောင်း သိရသည်။

news-view-count-icon

18