back

ဂျပန်၏ လက်ရှိခုခံကာကွယ်ရေးဗျူဟာ တရုတ်ဗုံးကြဲလေယာဉ်များကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာသစ် ဖော်ပြ

Jun 16 • 3:56 AM

breaking-news

Japan

Local News

cover

ဂျပန်၏ လက်ရှိခုခံကာကွယ်ရေးဗျူဟာ တရုတ်ဗုံးကြဲလေယာဉ်များကြောင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း အစီရင်ခံစာသစ် ဖော်ပြ

ဝါရှင်တန်အခြေစိုက် Hudson Institute စစ်ဘက်သုတေသနအဖွဲ့ (Think tank) ၏ အစီရင်ခံစာသစ်တစ်ခုအရ တရုတ်နိုင်ငံ၏ တာဝေးပစ်ဗုံးကြဲလေယာဉ်များနှင့် အဆင့်မြင့်စစ်လက်နက်ပစ္စည်...

ဝါရှင်တန်အခြေစိုက် Hudson Institute စစ်ဘက်သုတေသနအဖွဲ့ (Think tank) ၏ အစီရင်ခံစာသစ်တစ်ခုအရ တရုတ်နိုင်ငံ၏ တာဝေးပစ်ဗုံးကြဲလေယာဉ်များနှင့် အဆင့်မြင့်စစ်လက်နက်ပစ္စည်းများ တိုးတက်လာမှုသည် ဂျပန်နိုင်ငံ၏ လက်ရှိအမျိုးသားကာကွယ်ရေးဗျူဟာအပေါ် စိုးရိမ်စရာ အဟန့်အတားဖြစ်စေကြောင်း ထောက်ပြထားသည်။ လက်ရှိဂျပန်အစိုးရ၏ ကာကွယ်ရေးစီမံကိန်းများတွင် တရုတ်စစ်လေယာဉ်များက ဒုံးကျည်များဖြင့် မပစ်ခတ်မီ အဝေးကတည်းက ကြိုတင်ထောက်လှမ်း၊ ခြေရာခံပြီး ကြားဖြတ်တားဆီးနိုင်မည့် တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစွမ်းရည် (Long-range counterair ability) လိုအပ်ချက်များ လစ်ဟာနေဆဲဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

အဆိုပါ ဆန်းစစ်ချက်အစီရင်ခံစာတွင် ပါရှိသော အကြံပြုချက်အများစုသည် ယခုနှစ်နှောင်းပိုင်းအတွင်း ထွက်ပေါ်လာမည့် ဂျပန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးဗျူဟာ၊ အမျိုးသားကာကွယ်ရေးဗျူဟာနှင့် ကာကွယ်ရေးအင်အား တည်ဆောက်မှုအစီအစဉ်များ၏ ပြင်ဆင်ချက်မူကြမ်းများနှင့် ထပ်တူကျနေသည်။ ထိုအချက်များတွင် မောင်းသူမဲ့စနစ်များ (Unmanned systems) ၏ အခန်းကဏ္ဍ ပိုမိုအရေးပါလာမှု၊ ဒရုန်းနှင့် ဒုံးကျည်များ ပူးပေါင်းတိုက်ခိုက်လာမည့် ဘေးအန္တရာယ်များကို တုံ့ပြန်နိုင်စွမ်းနှင့် ပိုမိုကြံ့ခိုင်စိတ်ချရသော ကာကွယ်ရေးစနစ် တည်ဆောက်ရန် လိုအပ်ချက်များကို အလေးအနက် တိုက်တွန်းထားကြောင်း သိရသည်။

news-view-count-icon

7