back

ကမ္ဘောဒီးယား၌ တရုတ်ခရီးသွားများအတွက် ရည်ရွယ်သည့် ဗီဇာကင်းလွတ်ခွင့် စမ်းသပ်စီမံချက်ကို ဇွန်လ ၁၅ ရက်တွင် စတင်

Jun 16 • 3:32 AM

breaking-news

Cambodia

Local News

cover

ကမ္ဘောဒီးယား၌ တရုတ်ခရီးသွားများအတွက် ရည်ရွယ်သည့် ဗီဇာကင်းလွတ်ခွင့် စမ်းသပ်စီမံချက်ကို ဇွန်လ ၁၅ ရက်တွင် စတင်

ကမ္ဘောဒီးယားနိုင်ငံသည် ပြည်ပခရီးသွားဝင်ရောက်မှု မြင့်တက်လာစေရန်နှင့် ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာစေရန်အတွက် တရုတ်နိုင်ငံသားများအား ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုသည...

ကမ္ဘောဒီးယားနိုင်ငံသည် ပြည်ပခရီးသွားဝင်ရောက်မှု မြင့်တက်လာစေရန်နှင့် ခရီးသွားကဏ္ဍ ပြန်လည်ဦးမော့လာစေရန်အတွက် တရုတ်နိုင်ငံသားများအား ဗီဇာမလိုဘဲ ဝင်ရောက်ခွင့်ပြုသည့် စမ်းသပ်စီမံချက်ကို ယနေ့ ဇွန်လ ၁၅ ရက်နေ့တွင် တရားဝင်စတင်လိုက်ပြီ ဖြစ်သည်။ ဤစီမံချက်အရ တရုတ်ပြည်မကြီး၊ ဟောင်ကောင်နှင့် မကာအိုတို့မှ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများသည် ကမ္ဘောဒီးယားနိုင်ငံအတွင်းသို့ ဗီဇာကြိုတင်လျှောက်ထားရန် သို့မဟုတ် မည်သည့်အခကြေးငွေမျှ ပေးဆောင်ရန်မလိုဘဲ အီလက်ထရွန်နစ် ဆိုက်ရောက်ကတ် (E-arrival card) ဖြည့်ရုံဖြင့် ဝင်ရောက်နိုင်မည်ဖြစ်သည်။ အဆိုပါမူဝါဒသည် လာမည့် အောက်တိုဘာလ ၁၅ ရက်နေ့အထိ ၄ လကြာ အကျုံးဝင်မည်ဖြစ်ပြီး အကြိမ်ရေအကန့်အသတ်မရှိ (Multiple entries) ဖြင့် တစ်ကြိမ်လျှင် ၁၄ ရက်အထိ နေထိုင်ခွင့်ပြုထားသည်။ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းဝန်ကြီး Huot Hak က တရုတ်ခရီးသွားများသည် ၎င်းတို့နိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် အလွန်အရေးပါသော စျေးကွက်တစ်ခုဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။ ဒေသတွင်း လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများကလည်း ယခုဗီဇာကင်းလွတ်ခွင့်သည် ကမ္ဘောဒီးယားနိုင်ငံအား ဘေးကင်းပြီး ဧည့်ဝတ်ကျေပွန်သော ခရီးစဉ်ဒေသတစ်ခုအဖြစ် ပိုမိုဆွဲဆောင်နိုင်မည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်ကြောင်း ကြိုဆိုခဲ့ကြပြီး ယခုစမ်းသပ်ကာလအတွင်း ရလဒ်ကောင်းများ ထွက်ပေါ်လာပါက အစိုးရအနေဖြင့် ၄ လမှ ၁၂ လအထိ သက်တမ်းတိုးမြှင့်ပေးရန် စဉ်းစားသွားနိုင်ခြေ ရှိကြောင်း သိရသည်။

news-view-count-icon

14