back

ရှမ်းပြည်နယ်၊ တောင်ကြီးတွင် စက်သုံးဆီဝယ်ယူရခက်ခဲမှုကြောင့် ဆိုင်ကယ်ဈေးသည်များ အခက်ကြုံနေရ

Jun 16 • 3:31 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ တောင်ကြီးတွင် စက်သုံးဆီဝယ်ယူရခက်ခဲမှုကြောင့် ဆိုင်ကယ်ဈေးသည်များ အခက်ကြုံနေရ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် တစ်နိုင်တစ်ပိုင် ဆိုင်ကယ်ဖြင့် ဈေးလှည့်ရောင်းချနေသည့် ဈေးသည်များမှာ စက်သုံးဆီခွဲတမ်း ဝယ်ယူခွင့်မရသဖြင့် လုပ်ငန်းဆက်လက...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် တစ်နိုင်တစ်ပိုင် ဆိုင်ကယ်ဖြင့် ဈေးလှည့်ရောင်းချနေသည့် ဈေးသည်များမှာ စက်သုံးဆီခွဲတမ်း ဝယ်ယူခွင့်မရသဖြင့် လုပ်ငန်းဆက်လက်ရပ်တည်ရန် အခက်အခဲဖြစ်နေကြသည်။ ဆီဆိုင်များတွင် လိုင်စင်ရှိသည့် မော်တော်ယာဉ်များကိုသာ ခွဲတမ်းစနစ်ဖြင့် ရောင်းချပေးနေသည်မှာ သုံးလခန့်ရှိပြီဖြစ်၍ လိုင်စင်မဲ့ဆိုင်ကယ် အသုံးပြုသည့် အခြေခံဈေးသည်များမှာ ပြင်ပဈေးကွက်မှ ဈေးကြီးပေးဝယ်နေရသည်။ ခွဲတမ်းဈေးဖြင့်ဆိုပါက တစ်ရက်လျှင် ၂ သောင်းခွဲခန့်သာ ကုန်ကျသော်လည်း လက်ရှိ ပြင်ပဈေးဖြင့် ဝယ်ယူနေရသဖြင့် တစ်ရက်လျှင် ၅ သောင်းဝန်းကျင်အထိ ကုန်ကျစရိတ် နှစ်ဆမြင့်တက်လာကာ အရင်းအနှီးပြန်ရရန်ပင် ခက်ခဲနေပြီး အချို့မှာ လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။

news-view-count-icon

15