back

ရန်ကုန်-ထားဝယ်လမ်းတွင် ခရီးသည်တစ်ဦးလျှင် လမ်းကြေး ကျပ်သုံးသောင်းဝန်းကျင် ပေးနေရ

Jun 16 • 3:29 AM

breaking-news

Myanmar

Tanintharyi

cover

ရန်ကုန်-ထားဝယ်လမ်းတွင် ခရီးသည်တစ်ဦးလျှင် လမ်းကြေး ကျပ်သုံးသောင်းဝန်းကျင် ပေးနေရ

ရန်ကုန်-ထားဝယ်ကားလမ်းပိုင်းတွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ဆေးရေးဂိတ်များ တိုးလာသည့်အပြင် ငွေကြေးပိုမိုတောင်းခံလာသဖြင့် ခရီးသည်တစ်ဦးလျှင် လမ်းကြေး ကျပ်သုံးသောင်းဝ...

ရန်ကုန်-ထားဝယ်ကားလမ်းပိုင်းတွင် ယခုနှစ်ဆန်းပိုင်းမှစ၍ စစ်ဆေးရေးဂိတ်များ တိုးလာသည့်အပြင် ငွေကြေးပိုမိုတောင်းခံလာသဖြင့် ခရီးသည်တစ်ဦးလျှင် လမ်းကြေး ကျပ်သုံးသောင်းဝန်းကျင်အထိ ပေးဆောင်နေရကြောင်း ခရီးသည်များနှင့် ကားသမားများထံမှ သိရသည်။အဆိုပါလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်နှင့် စစ်ဆေးသည့်နေရာ ၄၀ ခန့်ရှိပြီး နေရာအလိုက် ကျပ်ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ ကောက်ခံနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က လမ်းကြေးမှာ ကျပ်တစ်သောင်းခွဲမှ နှစ်သောင်းဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် စျေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။ ထို့ပြင် အခြားတိုင်းနှင့် ပြည်နယ်မှတ်ပုံတင် ကိုင်ဆောင်ထားသူများ သို့မဟုတ် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများ ဖြစ်ပါက ဂိတ်အချို့တွင် ကျပ်ငါးသောင်းခန့်အထိ ပိုမိုတောင်းခံရလေ့ရှိသည်ဟုသိရသည်။

news-view-count-icon

16