back

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ် ကျေးရွာများတွင် တောဆင်ရိုင်းများ ဝင်ရောက်နေ၍ စာသင်ကျောင်းအချို့ ပိတ်ထားရ

Jun 16 • 2:31 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ် ကျေးရွာများတွင် တောဆင်ရိုင်းများ ဝင်ရောက်နေ၍ စာသင်ကျောင်းအချို့ ပိတ်ထားရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ဆပ်သွားတောကျေးရွာအုပ်စုနှင့် ရှမ်းကုန်းရွာဘက်သို့ တောဆင်ရိုင်းနှစ်ကောင် ဝင်ရောက်သွားလာနေသဖြင့် ဒေသခံများ စိုးရိမ်နေကြပြီး စာသင...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ဆပ်သွားတောကျေးရွာအုပ်စုနှင့် ရှမ်းကုန်းရွာဘက်သို့ တောဆင်ရိုင်းနှစ်ကောင် ဝင်ရောက်သွားလာနေသဖြင့် ဒေသခံများ စိုးရိမ်နေကြပြီး စာသင်ကျောင်းအချို့ကိုပါ ပိတ်ထားရသည်။အဆိုပါ တောဆင်ရိုင်းများသည် နေအိမ်ခြံစည်းရိုးအချို့ကို ဖျက်ဆီးထားသော်လည်း လတ်တလောတွင် လူကို အန္တရာယ်ပြုခြင်း မရှိသေးပေ။ ယင်းဆင်များသည် တိုက်ကြီးမြို့နယ် ဖူးကြီးဒေသဘက်မှ ရောက်ရှိလာခြင်းဖြစ်ပြီး ယခင်ရက်ပိုင်းကလည်း ဝါးနက်ချောင်း၊ လက်ပံတန်းစုနှင့် ပန်းတပွင့်တောင် အနီးတစ်ဝိုက်ရှိ ရာဘာစိုက်ခင်းများတွင် သောင်းကျန်းခဲ့သဖြင့် သစ်တောဦးစီးဌာနနှင့် သစ်ထုတ်လုပ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်။တိုက်ကြီးနှင့် မှော်ဘီမြို့နယ်ဝန်းကျင်တွင် တောဆင်ရိုင်းအန္တရာယ်ကြောင့် ယခုရက်ပိုင်းအတွင်း ခြံစောင့်အမျိုးသားတစ်ဦး အနင်းခံရ၍ သေဆုံးခဲ့သလို၊ ပြီးခဲ့သည့် လပိုင်းနှင့် ယခင်နှစ်များကလည်း ရာဘာစေးခြစ်သမားနှင့် ကျောင်းသူကလေးငယ် အပါအဝင် ဒေသခံအချို့ ဆင်နင်းခံရ၍ သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

news-view-count-icon

22