မန္တလေးမြို့တွင် လုယက်ခိုးယူခံရသည့် ဆိုင်ကယ်များကို တစ်စစီဖြုတ်ကာ ပုံဖျက်ပြန်လည်တပ်ဆင်ရောင်းချသည့် အခိုင်အမာဈေးကွက်ကြီးတစ်ခု ရှိနေသော်လည်း ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်မှု အားနည်းနေကြောင်း ဒေသခံများထံမှ သိရသည်။မန္တလေးတွင် ၂၀၂၃ ခုနှစ်ခန့်မှစ၍ ဆိုင်ကယ်လုယက်ခိုးယူမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေပြီး ခိုးရာပါဆိုင်ကယ်များကို အဆက်အသွယ်ဖြင့် ပြန်လည်ရွေးယူနိုင်သည့်အထိ ဖြစ်နေသည်။ ဒေသခံများအနေဖြင့် ဘေးအန္တရာယ်ကြောင့် တရားဝင်တိုင်ကြားရန် အခက်အခဲရှိသဖြင့် ဆိုရှယ်မီဒီယာများမှတစ်ဆင့် ဖော်ထုတ်တင်ပြခဲ့ကြသော်လည်း တင်ပြသည့်ကာလ၌သာ ဖမ်းဆီးမှုအချို့ရှိပြီး ပွဲစားနှင့် ဂိုဏ်းချုပ်များကို တိုက်ရိုက်ထိရောက်စွာ ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။အဆိုပါ ဆိုင်ကယ်ခိုးယူမှုနှင့် ပုံဖျက်ရောင်းချသည့် မှောင်ခိုဈေးကွက် ရှိနေသော်လည်း တရားဝင်ဆိုင်ကယ်အရောင်းအဝယ်ဈေးကွက်အပေါ်တွင်မူ တစ်စုံတစ်ရာ ထိခိုက်မှုမရှိသေးကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ ဒေသခံများကမူ ဤမှောင်ခိုဈေးကွက်နှင့် ပတ်သက်၍ အာဏာပိုင်များဘက်မှ ထိထိရောက်ရောက် ဖော်ထုတ်ဖမ်းဆီးပေးစေလိုကြသတာဖြစ်ပါသည်။
မန္တလေးတွင် ခိုးရာပါဆိုင်ကယ်များကို ပုံဖျက်ရောင်းချသည့် ဈေးကွက်ရှိနေပြီး ထိရောက်စွာ အရေးယူရန် လိုအပ်နေ
Jun 16 • 2:29 AM
Myanmar
Mandalay
Share
| 13 | 0 | 0 | 0 |


