back

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စည်းကမ်းပျက်ယာဉ်များနှင့် လိုင်စင်မဲ့ယာဉ်များကို တင်းကျပ်စွာ ရက်ဆက်စစ်ဆေးအရေးယူနေ

Jun 16 • 2:22 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် စည်းကမ်းပျက်ယာဉ်များနှင့် လိုင်စင်မဲ့ယာဉ်များကို တင်းကျပ်စွာ ရက်ဆက်စစ်ဆေးအရေးယူနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် စည်းကမ်းပျက်ယာဉ်များနှင့် လိုင်စင်မဲ့ယာဉ်များကို ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက နေ့စဉ်ရက်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် စည်းကမ်းပျက်ယာဉ်များနှင့် လိုင်စင်မဲ့ယာဉ်များကို ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့များက နေ့စဉ်ရက်ဆက် တင်းကျပ်စွာ စစ်ဆေးအရေးယူလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ယာဉ်စစ်ဆေးရေးအဖွဲ့များသည် တစ်နေရာတည်းတွင် ပုံသေစောင့်ဆိုင်းဖမ်းဆီးခြင်းမျိုး မဟုတ်ဘဲ မြို့အနှံ့ နေရာရွှေ့ပြောင်းကာ ရွှေ့လျားစနစ်ဖြင့် စစ်ဆေးနေခြင်းဖြစ်သည်။ အထူးသဖြင့် အနောက်မြို့ပတ်လမ်း၊ အရှေ့မြို့ပတ်လမ်း၊ မိန်းလမ်းမကြီးများနှင့် လမ်းဆုံလမ်းခွများတွင် စစ်ဆေးမှုများ ပိုမိုပြုလုပ်နေပြီး ဧရာဝတီလမ်းဆုံနှင့် မြို့မဈေးမြောက်ဘက် မီးပွိုင့်အနီးတို့တွင် အဖမ်းအဆီး ပိုမိုများပြားလျက်ရှိသည်။အဓိကအားဖြင့် ဆိုင်ကယ်စီးလျှင် ဦးထုပ်မဆောင်းခြင်း၊ ယာဉ်မောင်းလိုင်စင် မပါရှိခြင်းနှင့် လမ်းပြောင်းပြန်မောင်းနှင်ခြင်းတို့အတွက် ဒဏ်ငွေ ကျပ် ၃ သောင်း ချမှတ်ခံရသည့်အပြင် ယာဉ်ကိုပါ ခေတ္တထိန်းသိမ်းထားပြီး သက်ဆိုင်ရာရုံးတွင် သွားရောက်ထုတ်ယူရကြောင်း သိရသည်။ ထို့ပြင် ဘက်မှန်မတပ်ခြင်း၊ ယာဉ်နံပါတ်ပြားမပါခြင်းများကိုပါ စစ်ဆေးနေပြီး လိုင်စင်မဲ့ယာဉ်များ တွေ့ရှိပါက ယာဉ်အား သိမ်းဆည်းအရေးယူလျက်ရှိသည်။အထူးသဖြင့် မြို့မဈေးမြောက်ဘက် မီးပွိုင့်အနီးရှိ တစ်လမ်းသွားလမ်းပိုင်းတွင် "ယာဉ်မထွက်ရ" ဆိုင်းဘုတ်မှာ သေချာမြင်သာမှုမရှိသဖြင့် နယ်ဝေးမှလာသူများ လမ်းပြောင်းပြန်ဝင်မိကာ ခဏခဏ ဖမ်းဆီးခံနေရကြောင်း ဒေသခံများက ဆိုသည်။ ထို့ကြောင့် တောင်ကြီးမြို့အတွင်း သွားလာမည့် ယာဉ်မောင်းများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာရန်၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်နှင့် ဘက်မှန် တပ်ဆင်ထားရန်၊ လိုင်စင်နှင့် စာရွက်စာတမ်းများ ပြည့်စုံစွာ ဆောင်ထားရန်နှင့် လမ်းညွှန်ဆိုင်းဘုတ်များကို အထူးဂရုပြု မောင်းနှင်ကြရန် ဒေသခံများက တိုက်တွန်းနှိုးဆော်ထားသည်။

news-view-count-icon

15