၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဥရုဂွေးအသင်း၏ လေယာဉ်ခရီးစဉ် နှောင့်နှေးခဲ့ရခြင်းမှာ လေကြောင်းလိုင်း၏ အမှားအယွင်းကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ကြေညာချက်ထုတ်ပြန် ရှင်းလင်းခဲ့သည်။ မက္ကဆီကိုတွင် စခန်းသွင်းလေ့ကျင့်နေသည့် ဥရုဂွေးအသင်းသည် အမေရိကန်၌ ယှဉ်ပြိုင်ရမည့် ဆော်ဒီအာရေဗျနှင့် အုပ်စုအဖွင့်ပွဲစဉ်အတွက် မနေ့က ထွက်ခွာရန်စီစဉ်စဉ် အမေရိကန်ပြည်ဝင်ခွင့်ဆိုင်ရာ အမှားအယွင်းကြောင့် ဟိုတယ်၌ သောင်တင်ကာ ခရီးစဉ်ကြန့်ကြာခဲ့ရခြင်း ဖြစ်သည်။ဥရုဂွေးဘောလုံးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ဖီဖာ၏ ကူညီပေးမှုကြောင့် ညနေပိုင်းမှသာ လေယာဉ်ဖြင့် ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ဖီဖာကလည်း ယင်းဖြစ်စဉ်သည် လေကြောင်းလိုင်း၏ ပြည်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းအမှားကြောင့်ဖြစ်ပြီး လေကြောင်းလိုင်းကလည်း ပြန်လည်တောင်းပန်ခဲ့ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါခရီးစဉ် နောက်ကျမှုကြောင့် ဥရုဂွေးအသင်း၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ရွှေ့ဆိုင်းခဲ့ရသော်လည်း အသင်းခေါင်းဆောင် မာရီယာဟီမင်နက်ဇ်က ဟိုတယ်တွင် ပိုမိုအနားယူခွင့်ရခဲ့၍ အဆင်ပြေကြောင်း ပြောကြားခဲ့သည်။
Jun 16 • 1:53 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


