back

ဖိုက်တာဘဝကနေ အနားယူသည်အထိ ချန်ပီယံခါးပတ်ကို ကာကွယ်မည်ဟု ဂျိုရှုအာဗန် ပြော

Jun 16 • 2:25 AM

breaking-news

Myanmar

International

cover

ဖိုက်တာဘဝကနေ အနားယူသည်အထိ ချန်ပီယံခါးပတ်ကို ကာကွယ်မည်ဟု ဂျိုရှုအာဗန် ပြော

မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား UFC Flyweight ချန်ပီယံ ဂျိုရှုအာဗန်က ၎င်းရရှိထားသည့် ချန်ပီယံခါးပတ်ကို ကစားသမားဘဝမှ အနားမယူမချင်း လက်မလွှတ်ဘဲ ဆက်လက်ကာကွယ်သွား...

မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား UFC Flyweight ချန်ပီယံ ဂျိုရှုအာဗန်က ၎င်းရရှိထားသည့် ချန်ပီယံခါးပတ်ကို ကစားသမားဘဝမှ အနားမယူမချင်း လက်မလွှတ်ဘဲ ဆက်လက်ကာကွယ်သွားမည်ဟု ပြောကြားလိုက်သည်။အမေရိကန်လွတ်လပ်ရေး နှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အဖြစ် အိမ်ဖြူတော်မြက်ခင်းပြင်၌ ကျင်းပသည့် UFC Freedom 250 ပွဲသို့ တက်ရောက်စဉ် Paramount+ ရုပ်သံနှင့် အင်တာဗျူးတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဂျိုရှုအာဗန်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ချန်ပီယံ ပန်တိုဂျာ (Pantoja) ကို အနိုင်ယူကာ ပထမဆုံး မြန်မာနွယ်ဖွား UFC ချန်ပီယံ ဖြစ်လာခဲ့ပြီး၊ ပြီးခဲ့သည့် မေ ၁၀ ရက်နေ့ကလည်း ဂျပန်ဖိုက်တာ တိုင်ရာ (Taira) ကို အနိုင်ယူကာ ခါးပတ်ကို ကာကွယ်ထားနိုင်ခဲ့သည်။၎င်းသည် အိမ်ဖြူတော်တွင်ကျင်းပသည့် အဆိုပါပွဲစဉ်သို့ မိတ်ဆွေဖိုက်တာများကို အားပေးရန် ရောက်ရှိနေခြင်းဖြစ်ပြီး၊ ယင်းပွဲကို သမ္မတ ထရမ့်နှင့် ဇနီး အပါအဝင် အစိုးရအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။ မိုးလေဝသအခြေအနေကြောင့် အချိန်အနည်းငယ် နောက်ဆုတ်ကျင်းပခဲ့ရသည့် အဆိုပါ "UFC Freedom 250" ပြိုင်ပွဲတွင် အီလီယာ တိုပူရီယာ (Ilia Topuria) နှင့် ဂျက်စတင် ဂါသီ (Justin Gaethje) တို့၏ Lightweight တန်း ခါးပတ်လုပွဲ အပါအဝင် ပွဲစဉ်ပေါင်း ၇ ပွဲအထိ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

news-view-count-icon

28