back

ဧရာဝတီတိုင်းတွင် မိုးကြီး၍ လမ်းများရေမြုပ်ကာ လမ်းပိုင်းအချို့ ပျက်စီးနေ

Jun 16 • 1:51 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းတွင် မိုးကြီး၍ လမ်းများရေမြုပ်ကာ လမ်းပိုင်းအချို့ ပျက်စီးနေ

ဧရာဝတီတိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုသိမ်၊ မအူပင်၊ မြန်အောင်နှင့် ဖျာပုံမြို့တို့တွင် လမ်းများရေမြုပ်ကာ မြို့ချင်းဆက်လမ်းများ ပျက်စီးနေသည်။ ပုသိ...

ဧရာဝတီတိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပုသိမ်၊ မအူပင်၊ မြန်အောင်နှင့် ဖျာပုံမြို့တို့တွင် လမ်းများရေမြုပ်ကာ မြို့ချင်းဆက်လမ်းများ ပျက်စီးနေသည်။ ပုသိမ်မြို့ ကမ်းနားလမ်းနှင့် ဈေးပိုင်းများတွင် ရေလျှံနေသလို၊ မြန်အောင်မြို့နယ်တွင်လည်း ချောင်းရေတက်လာသဖြင့် အင်ပင်-ညောင်ခြေထောက် လမ်းပိုင်းအချို့ ရေကျော်နေသည်။ထို့ပြင် ပုသိမ်-မော်တင်၊ ဖျာပုံ-အမာ၊ ဟင်္သာတ-ရန်ကုန် လမ်းပိုင်းများမှာလည်း ပျက်စီးနေပြီး အထူးသဖြင့် ဖျာပုံ-အမာလမ်းမှာ နွေရာသီကတည်းက ပျက်စီးရာမှ ယခုအခါ ပိုမိုဆိုးရွားသွားသဖြင့် ကားခနှင့် ကုန်ဈေးနှုန်းများ တက်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။လမ်းချိုင့်ခွက်များကို အချိန်ပြည့်မဖာထေးဘဲ မိုးကုန်မှပြင်ပါက ကုန်ကျစရိတ် ၃ ဆမှ ၅ ဆအထိ ပိုကုန်နိုင်သဖြင့် အချိန်နဲ့တပြေးညီ ပြုပြင်ပေးရန် လိုအပ်ကြောင်း ထောက်ပြမှုများရှိသည်။ လတ်တလောတွင် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့၌ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခိုက်ခြင်းများ ဆက်ရှိနိုင်ကြောင်း မိုးလေဝသခန့်မှန်းချက်များအရ သိရသည်။

news-view-count-icon

17