ပြည်တွင်းရှိ ရေလုပ်ငန်းရှင်များ တင်ပြသည့် အခက်အခဲများကြောင့် ပြည်တွင်းရေပြင် ငါးသားပေါက်ရာသီအတွင်း ပိတ်ပင်ထားသည့် မြန်မာ့ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းခွင့်ကို ဇွန်လ ၁၅ ရက်နေ့မှစ၍ ပြန်လည်ခွင့်ပြုလိုက်ရာ ငါးဖမ်းလှေများ ပြည်တွင်းလုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာနိုင်ပြီဖြစ်ပါသည်။ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ခွင့်ပြုချက်အရ ငါးဖမ်းလှေများ ပင်လယ်ပြင်သို့ ထွက်ခွာနိုင်ပြီဖြစ်သော်လည်း ရေလုပ်ငန်းရှင်အချို့မှာ ရာသီဥတု၊ အထွက်စရိတ်နှင့် ငါးရရှိနိုင်မည့် အခြေအနေများကို စောင့်ကြည့်ပြီးမှသာ ထွက်ခွာရန် ပြင်ဆင်နေကြသည်။မူလက ၂၀၂၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၃ လတာကာလကို ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရဧရိယာအဖြစ် သတ်မှတ်ကာ ကမ်းဝေးငါးဖမ်းရေယာဉ်များအားလုံးကို တားမြစ်ပိတ်ပင်ထားခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း၌ ရေလုပ်ငန်းရှင်များတင်ပြသည့် အခက်အခဲများကြောင့် ငါးသားပေါက်ရာသီအတွင်း ကမ်းဝေးငါးဖမ်းခွင့် ပြန်လည်ခွင့်ပြု
Jun 16 • 1:50 AM
Myanmar
Local
Share
| 39 | 0 | 0 | 0 |


