တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ Datong မြို့သည် ကျော်ကြားလှသော ယွင်ကန်းလိုဏ်ဂူများ (Yungang Grottoes) တည်ရှိရာဖြစ်ပြီး တရုတ်ဗိသုကာပညာ၏ သက်ဝင်လှုပ်ရှားနေသော သမိုင်းကြောင်းအဖြစ် တင်စားခံထားရသော မြို့ဖြစ်သည်။ ယခုနောက်ပိုင်းနှစ်များတွင် မြို့၏ ပေါကြွယ်ဝလှသော ယဉ်ကျေးမှုအမွေအနှစ်များကို အကြောင်းအရာဆန်းသစ်တီထွင်မှုများ၊ ဒစ်ဂျစ်တယ်နည်းပညာများနှင့် ပေါင်းစပ်ကာ ခရီးသွားလုပ်ငန်းမြှင့်တင်ရန် အလေးပေးဆောင်ရွက်လာခဲ့သည်။ထို့ပြင် Datong မြို့ရှိ ဟွန်ယွမ်ခရိုင်မှ ကမ္ဘာကျော် ဆွဲလဲဘုရားကျောင်း (Xuankong Temple) နှင့် ရှေးဟောင်းမြို့တော်ဒေသတို့သည်လည်း ခရီးသွားဧည့်သည်များအား ဆွဲဆောင်ရာ အဓိကနေရာများအဖြစ် တည်ရှိနေသည်။
Jun 16 • 1:48 AM
China
Local News
Share
| 8 | 0 | 0 | 0 |


