တရုတ်နိုင်ငံသည် ဂြိုဟ်တု ရှစ်စင်း တင်ဆောင်ထားသည့် Lijian-1 Y14 သယ်ဆောင်ရေးဒုံးပျံကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။အဆိုပါ ဒုံးပျံကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ စီးပွားရေးလုပ်ငန်းသုံး အာကာသဆန်းသစ်တီထွင်ရေး ရှေ့ပြေးစမ်းသပ်ဇုန်မှ ပေကျင်းစံတော်ချိန် နံနက် ၁၁ နာရီ ၄၄ မိနစ်တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး၊ တင်ဆောင်လာသည့် ဂြိုဟ်တုအားလုံးကို သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းထဲသို့ ဘေးကင်းအောင်မြင်စွာ ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။



