မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကျော်ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။ အဆိုပါရည်မှန်းချက်တွင် ပို့ကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၅.၃ ဘီလီယံနှင့် သွင်းကုန်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၄.၇ ဘီလီယံ ရရှိရေးအတွက် ကြိုးပမ်းသွားမည်ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ဆိုသည်။ယခုနှစ် ကုန်သွယ်မှုသည် ယခင်နှစ်ကာလတူထက် ဒေါ်လာတစ်ဘီလီယံခန့် တိုးတက်လာမည်ဟု ခန့်မှန်းထားပြီး၊ ရေရှည်စီမံကိန်းအရ ကုန်သွယ်မှုပမာဏကို ၂၀၂၇-၂၀၂၈ တွင် ဒေါ်လာ ၃၀ ဘီလီယံ၊ ၂၀၂၈-၂၀၂၉ တွင် ၃၁.၂ ဘီလီယံ၊ ၂၀၂၉-၂၀၃၀ တွင် ၃၂.၁ ဘီလီယံနှင့် ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် ၃၃ ဘီလီယံအထိ အသီးသီး တိုးတက်ရရှိလာရန် ဆက်လက်လျာထားကြောင်း သိရသည်။
မြန်မာနိုင်ငံက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံကျော်ရရှိရန် ရည်မှန်း
Jun 16 • 1:46 AM
Myanmar
Local
Share
| 27 | 0 | 0 | 0 |


