back

ကမ္ဘာ့ဗဟိုဘဏ်များ၏ အတိုးနှုန်းမြင့်တက်လာမှုကြောင့် စံချိန်တင်မြင့်တက်နေသည့် ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာ

Jun 16 • 1:45 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့ဗဟိုဘဏ်များ၏ အတိုးနှုန်းမြင့်တက်လာမှုကြောင့် စံချိန်တင်မြင့်တက်နေသည့် ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာ

ကမ္ဘာ့ဗဟိုဘဏ်များက အတိုးနှုန်းမြှင့်တင်လိုက်ခြင်းကြောင့် စံချိန်တင်မြင့်တက်နေသည့် ကမ္ဘာ့ရွှေဈေးနှုန်းသည် ပြန်လည်ကျဆင်းလာသည်။ ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ဒေါ...

ကမ္ဘာ့ဗဟိုဘဏ်များက အတိုးနှုန်းမြှင့်တင်လိုက်ခြင်းကြောင့် စံချိန်တင်မြင့်တက်နေသည့် ကမ္ဘာ့ရွှေဈေးနှုန်းသည် ပြန်လည်ကျဆင်းလာသည်။ ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် ဒေါ်လာ ၄,၀၀၀ ဝန်းကျင်ခန့်သို့ ရောက်ရှိလာပြီး ပြီးခဲ့သည့်သီတင်းပတ်နှင့် နှိုင်းယှဉ်ပါက ၂ ရာခိုင်နှုန်းခန့် ကျဆင်းသွားခြင်းဖြစ်သည်။စီးပွားရေးသီအိုရီအရ အတိုးနှုန်းတက်လာချိန်တွင် ရင်းနှီးမြှုပ်နှံသူများသည် အတိုးမပေးနိုင်သည့် ရွှေထက် အတိုးရရှိသည့် အမေရိကန်ဒေါ်လာ သို့မဟုတ် အစိုးရငွေတိုက်စာချုပ်များဘက်သို့ ပြောင်းရွှေ့ရင်းနှီးမြှုပ်နှံလေ့ရှိကြသဖြင့် ရွှေဈေးကွက်အတွင်း ဆွဲဆောင်မှုလျော့နည်းကာ ဈေးနှုန်းပြန်လည်ကျဆင်းရခြင်း ဖြစ်သည်။

news-view-count-icon

32