မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းသို့ပြန်လည်ရောက်ရှိနိုင်ရေးအတွက် အရည်အချင်းစစ်ဆေးသည့် Placement Test အထူးအစီအစဉ်ကို ဇွန်လ ၁၅ ရက် (ယနေ့) မှစတင်ကာ စာစစ်ဌာန ၂၆ ခုဖြင့် စစ်ဆေးလျက်ရှိရာ ဝင်ရောက်ဖြေဆိုသူ ၇,၆၂၄ ဦးရှိကြောင်း သိရသည်။ အဆိုပါ အရည်အချင်းစစ်ဆေးမှုတွင် ဖြေဆိုရန် စာရင်းပေးသွင်းသူ စုစုပေါင်း ၇,၉၂၂ ဦးရှိခဲ့ပြီး ဝင်ရောက်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၇,၆၂၄ ဦးထဲတွင် Grade-1 မှ Grade-8 အထိ အတန်းအလိုက် အရည်အချင်းစစ်စာမေးပွဲကို တက်ကြွစွာ ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၌ အရည်အချင်းစစ် Placement Test အထူးအစီအစဉ်တွင် ကျောင်းသား/ကျောင်းသူ ၇၀,၀၀ကျော် ဝင်ရောက်ဖြေဆို
Jun 15 • 11:52 AM
Myanmar
Mandalay
Share
| 16 | 0 | 0 | 0 |


