back

ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP Myanmar ၏ Grant လျှောက်ထားမှုဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲများ ညောင်ရွှေနှင့် ကလောမြို့နယ်တို့တွင် ကျင်းပမည်

Jun 15 • 11:48 AM

breaking-news

Myanmar

Shan

cover

ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် UNDP Myanmar ၏ Grant လျှောက်ထားမှုဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲများ ညောင်ရွှေနှင့် ကလောမြို့နယ်တို့တွင် ကျင်းပမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant...

ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း ငလျင်ဒဏ် ထိခိုက်ခံစားခဲ့ရသည့် အငယ်စားနှင့် အလတ်စား စီးပွားရေး (SME) လုပ်ငန်းများ ပြန်လည်နာလန်ထူလာနိုင်ရေးအတွက် ရည်ရွယ်၍ "Grant လျှောက်ထားမှု စွမ်းရည်မြှင့်တင်ရေးနှင့် UNDP Myanmar က ပေးအပ်မည့် Grant များ လျှောက်ထားခြင်းဆိုင်ရာ အကြိုအလုပ်ရုံဆွေးနွေးပွဲ" သုံးခုကို လာမည့် ဇူလိုင်လအတွင်း ညောင်ရွှေမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများတွင် ငလျင်ဒဏ်သင့် SME လုပ်ငန်းရှင်များအတွက် Grant လျှောက်ထားမှုဆိုင်ရာ စွမ်းရည်မြှင့်တင်ပေးခြင်း၊ လျှောက်ထားရန် လိုအပ်ချက်များနှင့် လျှောက်ထားပုံ အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးခြင်း စသည့် အဓိကအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16