ဗြိတိန်နိုင်ငံတွင် လာမည့် ၂၀၂၇ ခုနှစ် နွေဦးရာသီမှစတင်ကာ အသက် ၁၆ နှစ်အောက် ကလေးငယ်များအား ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို လုံးဝပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ခီယာ စတာမာက Sky News သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဆိုရှယ်မီဒီယာများသည် ကလေးငယ်များကို စွဲလမ်းစေပြီး စိတ်မချမ်းမြေ့ဖြစ်စေသည့်အပြင်၊ အနိုင်ကျင့်ခြင်း၊ နှောင့်ယှက်ခြင်းများနှင့် စိတ်ကျန်းမာရေးထိခိုက်မှုများကို ဖြစ်ပေါ်စေသဖြင့် အစိုးရတစ်ရပ်အနေနှင့် ကလေးငယ်များ၏ အနာဂတ်အတွက် ယခုကဲ့သို့ လုံးဝပိတ်ပင်တားမြစ်ရန် အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားခဲ့သည်။
ဗြိတိန်တွင် ၂၀၂၇ ခုနှစ် နွေဦးမှစ၍ အသက် ၁၆ နှစ်အောက် ကလေးများကို ဆိုရှယ်မီဒီယာအသုံးပြုခွင့် လုံးဝပိတ်ပင်တားမြစ်မည်
Jun 15 • 11:45 AM
Myanmar
International
Share
| 17 | 0 | 0 | 0 |


