ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၊ ကောင်စီဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဇွန်လ ၁၅ ရက် (ယနေ့) မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ရွေးနုတ်ကယ်တင်ခြင်း ယာယီတိမ်းရှောင်စခန်း ခန်းမဆောင်၌ ကျင်းပသည့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး၊ အဆိုပါစခန်းဝင်းအတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၉) ခုမှ အိမ်ထောင်စု (၆၀၉) စုအတွက် ဆန်အိတ် (၂၀၀) နှင့် အခြားထောက်ပံ့ပစ္စည်းများကို သွားရောက်ပေးအပ်ကာ စစ်ဘေးရှောင်ပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


