back

ဧရာဝတီတိုင်းဒေသကြီး၌ သယံဇာတများ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းမည်

Jun 15 • 8:26 AM

breaking-news

Myanmar

Ayeyarwady

cover

ဧရာဝတီတိုင်းဒေသကြီး၌ သယံဇာတများ စနစ်တကျ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မည့် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းသွ...

ဧရာဝတီတိုင်းဒေသကြီးအတွင်း သယံဇာတများ ထုတ်ယူသုံးစွဲရာတွင် စနစ်တကျရှိစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မည့် ကြီးကြပ်မှုကော်မတီများကို အဆင့်ဆင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးက လွှတ်တော်တွင် ပြောကြားခဲ့သည်။ ယင်းအစီအစဉ်သည် အင်္ဂပူမြို့နယ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းအောင် တင်သွင်းခဲ့သည့် ကြီးကြပ်မှုကော်မတီများ အဆင့်ဆင့်ဖွဲ့စည်း ထိန်းကျောင်းပေးရန် အဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးကလည်း မြစ်ကျောက်များကို စည်းကမ်းမဲ့ ထုတ်ယူနေမှုအခြေအနေများကို ထောက်ခံဆွေးနွေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ယခုကဲ့သို့ ကော်မတီများဖွဲ့စည်း၍ ကြပ်မတ်သွားရန် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

news-view-count-icon

18