သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်၍ ရန်ကုန်မြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် (၁၈) ကြိမ်မြောက်အဖြစ် ဆောင်ရွက်ပေးနေသော မျက်စိခွဲစိတ်ကုသမှုအစီအစဉ်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အလှူငွေ ကျပ်သိန်း (၂၀၀) ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ မျက်စိအလှူတော်အစီအစဉ်တွင် ပထမနေ့၌ မျက်စိဝေဒနာရှင် လူနာ (၇၃၉) ဦးနှင့် ဒုတိယနေ့၌ လူနာ (၅၁၁) ဦး၊ စုစုပေါင်း လူနာ (၁,၂၅၀) ဦးတို့ကို ကျန်းမာရေးစစ်ဆေးမှုများနှင့် စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။



