back

ရှမ်းပြည်နယ်တောင်ပိုင်း၊အေးသာယာမြို့ ပြည့်တန်ဆာခန်း၌ တစ်ဦးလျှင် ကျပ်တစ်သိန်းဖြင့် ရောင်းစားခံရသည့် အသက်မပြည့်သေးသော အမျိုးသမီးငယ် ၂ ဦး ထွက်ပြေးလွတ်မြောက်

Jun 15 • 8:24 AM

breaking-news

Myanmar

Yangon

cover

ရှမ်းပြည်နယ်တောင်ပိုင်း၊အေးသာယာမြို့ ပြည့်တန်ဆာခန်း၌ တစ်ဦးလျှင် ကျပ်တစ်သိန်းဖြင့် ရောင်းစားခံရသည့် အသက်မပြည့်သေးသော အမျိုးသမီးငယ် ၂ ဦး ထွက်ပြေးလွတ်မြောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦးအား ဇွန်လ ၁၃ ရက်က ရွှေညောင်မြို့၌ မဆိုဖ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၆ နှစ်နှင့် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် ၂ ဦးအား ဇွန်လ ၁၃ ရက်က ရွှေညောင်မြို့၌ မဆိုဖီယာနှင့် မမိုးစက်တို့က KTV တွင် လစာကောင်းကောင်းရမည်ဟု လိမ်လည်စည်းရုံးကာ အေးသာယာမြို့ရှိ "နန်းရွှေရည်" ပြည့်တန်ဆာခန်းသို့ ခေါ်ဆောင်၍ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းဖြင့် ရောင်းစားခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးငယ်များသည် ၎င်းတို့ရောက်ရှိနေသည့်နေရာအား သိရှိသွားပြီးနောက် ဇွန်လ ၁၄ ရက် နံနက်အစောပိုင်းတွင် ထွက်ပြေးခဲ့ကြရာ၊ အသက် ၁၆ နှစ်အရွယ် မိန်းကလေးက ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ထံ အကူအညီတောင်းခံနိုင်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းနှင့် ပြည့်တန်ဆာခန်း၌ ကျန်ရစ်သည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတို့ကို လိုက်လံကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ သို့သော် ယနေ့ (ဇွန်လ ၁၅ ရက်) အချိန်ထိ လူကုန်ကူးပြီး ခေါ်ဆောင်ရောင်းစားခဲ့သူများနှင့် လက်ခံထားသည့် ပြည့်တန်ဆာခန်းပိုင်ရှင်တို့အား အရေးယူဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် ကျူးလွန်သူများကို ထိရောက်စွာ အမြန်ဆုံး ဖော်ထုတ်အရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်။

news-view-count-icon

17