ထိုင်းနိုင်ငံ၊ ဖူးခက်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေး၌ တန်းစီစောင့်ဆိုင်းရချိန် ကြာမြင့်မှုကြောင့် ခရီးသည်များ၏ တိုင်ကြားချက်များကို ဖြေရှင်းရန်အတွက် နိုင်ငံတကာဆိုက်ရောက် အီးပတ်စ်ပို့ (e-passport) ကိုင်ဆောင်ထားသူများ အသုံးပြုနိုင်မည့် အလိုအလျောက်ဂိတ် (Autogates) ၁၀ ခုကို ဇွန်လ ၁၃ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။ လေဆိပ်အထွေထွေမန်နေဂျာဖြစ်သူ မွန်ချိုင်း တနုတ်က လူပြွတ်သိပ်မှု လျော့ကျပြီး လုပ်ငန်းစဉ်များ ပိုမိုမြန်ဆန်လာစေရန်အတွက် လက်ရှိအလိုအလျောက်ဂိတ် ၁၀ ခုမှ ၂၁ ခုအထိ နှစ်ဆတိုးချဲ့သွားမည်ဖြစ်ပြီး၊ လူကိုယ်တိုင်စစ်ဆေးသည့် ကောင်တာများကိုမူ ၂၄ ခုမှ ၁၆ ခုအထိ လျှော့ချသွားမည်ဖြစ်ကြောင်း တိကျသည့်အချိန်ဇယား ထည့်သွင်းပြောကြားခြင်းမရှိဘဲ ထပ်မံကြေညာခဲ့သည်။
ထိုင်းနိုင်ငံ၊ ဖူးခက်လေဆိပ်တွင် နိုင်ငံတကာဆိုက်ရောက်ခရီးသည်များအတွက် အလိုအလျောက်ဂိတ် များ စတင်ဖွင့်လှစ်
Jun 15 • 8:23 AM
Thailand
Local News
Share
| 7 | 0 | 0 | 0 |

ကချင်ပြည်နယ်၊မိုးညှင်းမြို့ အ.ထ.က (၁) တွင် ပညာရေးအလှမ်းဝေးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အရည်အချင်းစစ် Placement Test စာမေးပွဲကြီးကို စည်ကားစွာ စတင်ဖြေဆို
ရှမ်းပြည်နယ်တောင်ပိုင်း၊အေးသာယာမြို့ ပြည့်တန်ဆာခန်း၌ တစ်ဦးလျှင် ကျပ်တစ်သိန်းဖြင့် ရောင်းစားခံရသည့် အသက်မပြည့်သေးသော အမျိုးသမီးငယ် ၂ ဦး ထွက်ပြေးလွတ်မြောက်

