back

ကချင်ပြည်နယ်၊မိုးညှင်းမြို့ အ.ထ.က (၁) တွင် ပညာရေးအလှမ်းဝေးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အရည်အချင်းစစ် Placement Test စာမေးပွဲကြီးကို စည်ကားစွာ စတင်ဖြေဆို

Jun 15 • 8:22 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊မိုးညှင်းမြို့ အ.ထ.က (၁) တွင် ပညာရေးအလှမ်းဝေးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အရည်အချင်းစစ် Placement Test စာမေးပွဲကြီးကို စည်ကားစွာ စတင်ဖြေဆို

အမျိုးမျိုးသောအကြောင်းရင်းများကြောင့် ပညာရေးနှင့် အလှမ်းဝေးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့၏ အရည်အချင်းအလိုက် သတ်မှတ်အတန်းပညာရေးကို ဆက်လက်သင်ယူနိုင်စ...

အမျိုးမျိုးသောအကြောင်းရင်းများကြောင့် ပညာရေးနှင့် အလှမ်းဝေးခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့၏ အရည်အချင်းအလိုက် သတ်မှတ်အတန်းပညာရေးကို ဆက်လက်သင်ယူနိုင်စေရန် နိုင်ငံတော်မှ အထူးအခွင့်အရေးအဖြစ် စီစဉ်ပေးသည့် အဆင့်ဆန်းစစ်ချက်စာမေးပွဲ (Placement Test) ကို ဇွန်လ ၁၅ ရက် (ယနေ့) နံနက်ပိုင်းကစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်တည်း စစ်ဆေးဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က - ၁) စာစစ်ဌာနတွင်လည်း စာမေးပွဲလာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် လိုက်လံပို့ဆောင်ပေးကြသည့် မိဘအုပ်ထိန်းသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိကြောင်း သိရသည်။

news-view-count-icon

18