၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ (MWL) ကို ဇွန်လ ၁၅ ရက် (ယနေ့) ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ISPE အသင်းတို့၏ အဖွင့်ပွဲစဉ်ဖြင့် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ယခုရာသီတွင် အသင်းပေါင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အနေဖြင့် ပြိုင်ပွဲဝင်အသင်းအားလုံးကို ရပ်တည်မှုအဆင့်အလိုက် ဆုကြေးများ ပေးအပ်သွားမည်ဖြစ်ရာ၊ ချန်ပီယံအသင်းအတွက် ဆုကြေးငွေကို ယခင်နှစ်ကထက် နှစ်ဆတိုးမြှင့်ကာ ကျပ်သိန်း ၁,၀၀၀ အထိ ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြိုင်ပွဲဝင်အသင်းအားလုံးကို အခြေခံထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀ စီ ပေးအပ်မည့်အပြင် သတ်မှတ်ချက်နှင့်ပြည့်မှီသည့် အသင်းများကိုလည်း ဖွံ့ဖြိုးရေးထောက်ပံ့ငွေ ကျပ်သိန်း ၂၀၀ စီ ထပ်မံပေးအပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
| 33 | 0 | 0 | 0 |


