ရီးယဲလ်မက်ဒရစ်အသင်းသည် ချယ်လ်ဆီးအသင်း၏ စပိန်နောက်ခံလူ ကူကူရယ်လာ (၂၇ နှစ်) အား ကနဦးပြောင်းရွှေ့ကြေး ပေါင် ၄၇.၅ သန်းနှင့် အပိုဆုကြေး ပေါင် ၄.၃ သန်း၊ စုစုပေါင်း ပေါင် ၅၁.၈ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ချယ်လ်ဆီးအသင်းသည် လာမည့်ရာသီတွင် ဥရောပဝင်ခွင့် မရရှိခြင်းကြောင့် အသင်းနှင့် ၂၀၂၈ အထိ စာချုပ်ရှိသည့် ကူကူရယ်လာက လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ၎င်းအား ဘာစီလိုနာနှင့် အက်သလက်တီကိုတို့ကလည်း ချဉ်းကပ်ခဲ့သော်လည်း ရီးယဲလ်အသင်းက ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုရန် လက်ဦးမှု ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ရီးယဲလ်အသင်းသည် နည်းပြ မော်ရင်ဟိုကို ခန့်အပ်ထားသည့်အပြင် ကိုနာတေး၊ ဒမ်ဖရိုင်းစ်နှင့် ဘာနာဒိုဆေးလ်ဗားတို့ကိုပါ ခေါ်ယူရန် သဘောတူညီမှု ရရှိထားကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
Jun 15 • 8:20 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


