back

ထိုင်းနိုင်ငံတွင် Work Permit ရှိသော်လည်း နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ်အကိုင် ၁၀ ခုကို ထုတ်ပြန်

Jun 15 • 8:19 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံတွင် Work Permit ရှိသော်လည်း နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မရှိသည့် တားမြစ်အလုပ်အကိုင် ၁၀ ခုကို ထုတ်ပြန်

ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ရှိထားသော်လည်း နိုင်ငံခြားသားများ လုံးဝလုပ်ကိုင်ခွင့်မရှိဘဲ ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့...

ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ရှိထားသော်လည်း နိုင်ငံခြားသားများ လုံးဝလုပ်ကိုင်ခွင့်မရှိဘဲ ထိုင်းနိုင်ငံသားများအတွက်သာ သီးသန့်ကန့်သတ်ထားသည့် လမ်းဘေးဈေးသည်၊ ဆံပင်ညှပ်/အလှပြင်ခြင်း၊ ထိုင်းရိုးရာအနှိပ်/စပါး၊ ယာဉ်မောင်းခြင်း၊ ဧည့်လမ်းညွှန်နှင့် လုံခြုံရေးဝန်ထမ်း အပါအဝင် တားမြစ်အလုပ်အကိုင် ၁၀ ခုကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါတားမြစ်ချက်များကို ဖောက်ဖျက်၍ ခိုးလုပ်ကိုင်သော နိုင်ငံခြားသားများကို ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ကာ ပြည်နှင်ဒဏ်ပေးမည့်အပြင် အလုပ်လုပ်ခွင့်ကို ၂ နှစ်အထိ ပိတ်ပင်သွားမည်ဖြစ်ပြီး၊ နိုင်ငံခြားသားများအား ငှားရမ်းထားသည့် အလုပ်ရှင်များကိုလည်း အလုပ်သမားတစ်ဦးချင်းစီအတွက် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်မည့်အပြင် ထပ်မံကျူးလွန်ပါက ထောင်ဒဏ်၊ ဒဏ်ငွေနှင့် နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခွင့် ၃ နှစ် ပိတ်ပင်ခြင်း စသည့် ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

9