back

လက်ရွေးစင်တိုက်စစ်မှူး မေထက်လူ ပါဝင်လာသည့် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်း ကစားသမားအင်အား အတောင့်တင်းဆုံးအဖြစ် သတ်မှတ်ခံရ

Jun 15 • 8:18 AM

breaking-news

Myanmar

Local

cover

လက်ရွေးစင်တိုက်စစ်မှူး မေထက်လူ ပါဝင်လာသည့် လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်း ကစားသမားအင်အား အတောင့်တင်းဆုံးအဖြစ် သတ်မှတ်ခံရ

လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းသည် ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး မေထက်လူကို ထပ်မံခေါ်ယူလိုက်ပြီးနောက် ပြိုင်ပွဲ...

လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းသည် ယခုရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး မေထက်လူကို ထပ်မံခေါ်ယူလိုက်ပြီးနောက် ပြိုင်ပွဲဝင်အသင်းများအနက် ကစားသမားအင်အား အတောင့်တင်းဆုံးအသင်းအဖြစ် ပရိသတ်များအကြား ရေပန်းစားလာခဲ့ကြောင်း သိရသည်။ ဧရာဝတီအသင်းတွင် ဖြူဖြူဝင်း၊ စန်းသော်သော် အပါအဝင် မြန်မာ့လက်ရွေးစင်ကစားသမား အများအပြား ပါဝင်နေသည့်အပြင်၊ ယခုရာသီတွင် ပြိုင်ပွဲဝင် ၁၀ သင်းအနက် တစ်သင်းတည်းသော ပြည်ပကစားသမားခေါ်ယူသည့်အသင်းအဖြစ် ဘင်္ဂလားဒေ့ရှ်လက်ရွေးစင် ရီတုပေါ်နာချက်မား၊ ဖိလစ်ပိုင်လက်ရွေးစင် အလစ်ဆာအူဘေးနှင့် ထိုင်းလူငယ်လက်ရွေးစင် ခိုပွန်တို့ကဲ့သို့ အတွေ့အကြုံရင့် အရည်အချင်းရှိ ပြည်ပကစားသမား ၃ ဦးကိုပါ ဖြည့်တင်းထားသဖြင့် စုဖွဲ့မှုအကောင်းဆုံးအသင်းအဖြစ် ထိပ်ဆုံးမှ ဖြတ်သန်းရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

24