မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၂) ရပ်ကွက်၊ သီတာလမ်းအနောက်ဘက် (၁) လမ်းတွင် ဇွန်လ ၁၅ ရက် (ယနေ့) နံနက် ၈ နာရီ ၅ မိနစ်အချိန်ခန့်က သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ သစ်ပင်လဲကျရာနေရာသို့ ပခုက္ကူမြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်၍ ပြည်သူများ သွားလာရေး အဆင်ပြေစေရန်အတွက် လမ်းပိတ်ဆို့နေသည့် သစ်ပင်၊ သစ်ကိုင်းများကို ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jun 15 • 8:17 AM
Myanmar
Magway
Share
| 10 | 0 | 0 | 0 |


