ဧရာဝတီအမျိုးသမီးအသင်းက ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ပရိုဖိုင်မြင့်မားပြီး နာမည်ကျော် ပြည်ပကစားသမားများကို ခေါ်ယူလိုက်ပြီးနောက် လူမှုကွန်ရက်စာမျက်နှာများနှင့် TikTok ပေါ်တွင် ပြည်ပပရိသတ်များ၏ စိတ်ဝင်စားမှုနှင့် အားပေးဝန်းရံမှုများ သိသာစွာ မြင့်တက်လာကြောင်း သိရသည်။ ယခုကဲ့သို့ အရည်အချင်းရှိသည့် ပြည်ပကစားသမားများကို ခေါ်ယူနိုင်ခြင်းသည် အသင်းအတွက်သာမက မြန်မာ့အမျိုးသမီးဘောလုံးလောက တစ်ခုလုံးကို နိုင်ငံတကာက ပိုမိုသိရှိသတိပြုမိလာစေရန်အတွက်ပါ များစွာအထောက်အကူပြုနေကြောင်း သုံးသပ်မှုများ ရှိနေသည်။
ပြည်ပကစားသမားများ ခေါ်ယူမှုကြောင့် မြန်မာအမျိုးသမီးလိဂ် (MWL) အပေါ် နိုင်ငံတကာပရိသတ်များ၏ စိတ်ဝင်စားမှု မြင့်တက်လာ
Jun 15 • 8:15 AM
Myanmar
Ayeyarwady
Share
| 14 | 0 | 0 | 0 |


