back

မုတ်သုံလေ အားကောင်းမှုကြောင့် ရန်ကုန်နှင့် ဧရာဝတီအပါအဝင် ဒေသ ၆ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးဇလ သတိပေး

Jun 15 • 8:14 AM

breaking-news

Myanmar

Local

cover

မုတ်သုံလေ အားကောင်းမှုကြောင့် ရန်ကုန်နှင့် ဧရာဝတီအပါအဝင် ဒေသ ၆ ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး မိုးသက်လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးဇလ သတိပေး

မြန်မာနိုင်ငံအတွင်း မုတ်သုံလေ အားကောင်းနေမှုကြောင့် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် န...

မြန်မာနိုင်ငံအတွင်း မုတ်သုံလေ အားကောင်းနေမှုကြောင့် ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့တွင် ထုတ်ပြန်သတိပေးထားသည်။ ထို့ပြင် ရန်ကုန်၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်နှင့် မွန်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ ၎င်းမိုးတိမ်တောင်များ ရွေ့လျားရာလမ်းကြောင်းတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ကြိုတင်သတိပြု နေထိုင်ကြရန် အသိပေးထားကြောင်း သိရသည်။

news-view-count-icon

27