back

ချင်းပြည်နယ် ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် အိမ်ထောင်စု ၇၃ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး ပထမအကြိမ် ထောက်ပံ့ပေးအပ်

Jun 15 • 8:13 AM

breaking-news

Myanmar

Chin

cover

ချင်းပြည်နယ် ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန် အိမ်ထောင်စု ၇၃ စုအတွက် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုး ပထမအကြိမ် ထောက်ပံ့ပေးအပ်

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေခဲ့ရသည့် ဖလမ်းဒေသခံများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာသဖြင့် ဖလမ်းမြို့သို့ အသီးသီးပြန်...

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများကြောင့် စစ်ဘေးရှောင်နေခဲ့ရသည့် ဖလမ်းဒေသခံများသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိလာသဖြင့် ဖလမ်းမြို့သို့ အသီးသီးပြန်လည်ဝင်ရောက်လာကြရာ မေလ ၆ ရက်မှ ၂၅ ရက်အတွင်း ပြန်လည်ဝင်ရောက်လာသူ အိမ်ထောင်စု (၇၃) စုအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ပေးပို့သော ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုးကို ဇွန်လ ၁၃ ရက်က ပထမအကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မေလ ၂၅ ရက်နောက်ပိုင်းမှစ၍ ဆက်လက်ဝင်ရောက်လာနေသည့် နေရပ်ပြန်ပြည်သူများကိုလည်း အဆိုပါကယ်ဆယ်ရေးပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15