back

တင်္နသာရီတိုင်းဒေသကြီးရှိ မိုးဦးကာလ ပင်လယ်ထွက်ကုန်ရရှိမှုနည်းပါးပြီး ထုတ်လုပ်မှုခက်ခဲခြင်းကြောင့် မြိတ်ဒေသထွက် ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငါးပိဈေးနှုန်းများ မြင့်တက်

Jun 15 • 8:12 AM

breaking-news

Myanmar

Tanintharyi

cover

တင်္နသာရီတိုင်းဒေသကြီးရှိ မိုးဦးကာလ ပင်လယ်ထွက်ကုန်ရရှိမှုနည်းပါးပြီး ထုတ်လုပ်မှုခက်ခဲခြင်းကြောင့် မြိတ်ဒေသထွက် ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငါးပိဈေးနှုန်းများ မြင့်တက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသတွင် မိုးဦးကာလနှင့် ငါးသားပေါက်ရာသီ တိုက်ဆိုင်နေခြင်းကြောင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများ ခေတ္တရပ်နားထားရသဖြင့် ပင်လယ်ထွက်ကုန်ရရှိမ...

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသတွင် မိုးဦးကာလနှင့် ငါးသားပေါက်ရာသီ တိုက်ဆိုင်နေခြင်းကြောင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများ ခေတ္တရပ်နားထားရသဖြင့် ပင်လယ်ထွက်ကုန်ရရှိမှု နည်းပါးနေသည့်အပြင် မိုးရွာသွန်းမှုကြောင့် နေရောင်ခြည်ရရှိမှုနည်းပါးကာ ငါးခြောက်၊ ပုစွန်ခြောက်နှင့် ငါးပိထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ ကုန်ကြမ်းရရှိမှုနှင့် ထုတ်လုပ်မှုအပိုင်းတွင် အကန့်အသတ်များရှိနေခြင်းကြောင့် ဇွန်လပထမအပတ်အတွင်း မြိတ်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးများတွင် ရောင်းချနေသော ၎င်းပင်လယ်စာ အခြောက်အခြမ်းဈေးနှုန်းများမှာ သိသာစွာ မြင့်တက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

15