back

မွန်ပြည်နယ် ကျိုက္ခမီပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် ရေလုပ်သားတစ်ဦး ဖျားနာပြီး လှေပေါ်၌ သေဆုံး

Jun 15 • 8:11 AM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ် ကျိုက္ခမီပင်လယ်ပြင်တွင် ငါးဖမ်းထွက်သည့် ရေလုပ်သားတစ်ဦး ဖျားနာပြီး လှေပေါ်၌ သေဆုံး

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ဇွန်လ ၁၂ ရက်က ကမ်းနီးငါးဖမ်းလှေဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာခဲ့သည့် လှေလုပ်သားများအနက် အသက် ၄၄ နှစ်အရွယ...

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ဇွန်လ ၁၂ ရက်က ကမ်းနီးငါးဖမ်းလှေဖြင့် ပင်လယ်ပြင်သို့ ငါးဖမ်းထွက်ခွာခဲ့သည့် လှေလုပ်သားများအနက် အသက် ၄၄ နှစ်အရွယ် ရေလုပ်သား ကိုသူရထွန်းသည် ဇွန်လ ၁၄ ရက်နေ့တွင် အလွန်အေးပြီး ချမ်းတုန်ကာ ဖျားနာသဖြင့် အနားယူနေစဉ် အိပ်ရာထဲ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။ ၎င်းသေဆုံးမှုကြောင့် ငါးဖမ်းလှေမှာ ကျိုက္ခမီဆိပ်ကမ်းသို့ ပြန်လည်မောင်းနှင်လာခဲ့ရပြီး၊ သက်ဆိုင်ရာရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရာတွင် ပြင်ပဒဏ်ရာတစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း သေဆုံးရသည့်အကြောင်းအရင်းမှာ ဓမ္မတာအတိုင်း ဟုတ်၊ မဟုတ် တိကျစွာ စစ်ဆေးနိုင်ရန်အတွက် အမှုဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

16