back

ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးမှ စွန့်ပစ်အသီးအနှံများကို အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ် ပြန်လည်ထုတ်လုပ်

Jun 15 • 8:10 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးမှ စွန့်ပစ်အသီးအနှံများကို အီးအမ်ဘိုကာချီ သဘာဝမြေဩဇာအဖြစ် ပြန်လည်ထုတ်လုပ်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးမှ နေ့စဉ်ထွက်ရှိနေသည့် တန် ၈၀ မှ တန် ၁၀၀ အတွင်းရှိ ဟင်းသီးဟင်းရွက်နှင့် သီးနှံစွန့်ပစ်အမှိုက်များကို စိုက်...

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးမှ နေ့စဉ်ထွက်ရှိနေသည့် တန် ၈၀ မှ တန် ၁၀၀ အတွင်းရှိ ဟင်းသီးဟင်းရွက်နှင့် သီးနှံစွန့်ပစ်အမှိုက်များကို စိုက်ပျိုးရေးတွင် ပြန်လည်အသုံးပြုနိုင်သည့် အီးအမ်ဘိုကာချီ (EM Bokashi) သဘာဝမြေဩဇာအဖြစ် ဈေးအတွင်း၌ပင် ခြံဝင်းခတ်၍ ပြန်လည်ထုတ်လုပ်ကာ စိုက်ပျိုးရေးလုပ်ငန်းရှင်များထံ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ယခုကဲ့သို့ စွန့်ပစ်အမှိုက်များကို သဘာဝမြေဩဇာအဖြစ် အသွင်ပြောင်းလဲ အသုံးပြုနိုင်ခဲ့ခြင်းကြောင့် သီရိမင်္ဂလာဈေးမှ လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသို့ သွားရောက်စွန့်ပစ်ရသည့် အမှိုက်ပမာဏမှာလည်း ထက်ဝက်နီးပါးအထိ သိသာစွာ လျော့ကျသွားကြောင်း မရမ်းကုန်းခရိုင် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

news-view-count-icon

13