back

ရန်ကုန်မြို့အား Smart City အဖြစ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအဆင့် (Star Rating System) သတ်မှတ်ထုတ်ပြန်ပေးရန်အဆို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းမည်

Jun 15 • 8:08 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့အား Smart City အဖြစ် အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအဆင့် (Star Rating System) သတ်မှတ်ထုတ်ပြန်ပေးရန်အဆို ရန်ကုန်တိုင်းလွှတ်တော်သို့ တင်သွင်းမည်

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွ...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူသို့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်အဆိုကို ဇွန်လ ၁၅ ရက် (ယနေ့) တွင် ကျင်းပမည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး တတိယနေ့တွင် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအဆိုကို ဗဟန်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ဒေါ်ခိုင်ဆုရည်ဇော်က တင်သွင်းမည်ဖြစ်ပြီး၊ အဆိုပါအဆိုအား လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့်၊ မသင့်ကို လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည်ဖြစ်ကြောင်း အစည်းအဝေးလျာထားချက်အရ သိရသည်။

news-view-count-icon

14