back

ရန်ကုန်ကလေးဆေးရုံကြီး၌ ကိုးကြိမ်မြောက် ရင်ချင်းဆက်အမြွှာ ခွဲစိတ်ကုသမှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

Jun 15 • 8:07 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်ကလေးဆေးရုံကြီး၌ ကိုးကြိမ်မြောက် ရင်ချင်းဆက်အမြွှာ ခွဲစိတ်ကုသမှုအား အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့

ရန်ကုန်ကလေးဆေးရုံကြီးတွင် ဇွန်လ ၁၁ ရက်နေ့က အသက် ၂ နှစ် ၅ လအရွယ်ရှိ ရင်ချင်းဆက်အမြွှာမိန်းကလေးများဖြစ်ကြသည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့အား စုစုပေါင်းခွဲစိ...

ရန်ကုန်ကလေးဆေးရုံကြီးတွင် ဇွန်လ ၁၁ ရက်နေ့က အသက် ၂ နှစ် ၅ လအရွယ်ရှိ ရင်ချင်းဆက်အမြွှာမိန်းကလေးများဖြစ်ကြသည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့အား စုစုပေါင်းခွဲစိတ်ချိန် ၉ နာရီ ၃၅ မိနစ်ကြာဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရသည်။ ပခုက္ကူမြို့နေ မိခင်ဖြစ်သူမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ခွဲစိတ်မွေးဖွားခဲ့သည့် အဆိုပါ ရင်ချင်းဆက်အမြွှာကလေးငယ်များကို မန္တလေးကလေးဆေးရုံကြီးနှင့် ရန်ကုန်ကလေးဆေးရုံကြီး (ရန်ကင်း) တို့၌ စနစ်တကျ ပြုစုစောင့်ရှောက်ပေးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ခွဲစိတ်မှုအပြီး ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေ တည်ငြိမ်ကောင်းမွန်သဖြင့် အထူးကြပ်မတ်ကုသဌာန၌ အနီးကပ်စောင့်ကြည့်ကုသပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

17